လူတွေ လူတွေ ဘာလို့ သိရက်နဲ့ မိုက်မဲနေကြတာလဲ..........ဒီမေးခွန်းကို ခိုင်လေး ရင်ထဲမှာ အထပ်ထပ်ကို မေးနေမိတယ်။

အချစ်ဆိုတာ တစ်ကယ်ကို သိမ်မွေ့နူးညံ့ပြီး တန်ဖိုးရှိပါတဲ့  ခံစားမှုလေးတစ်ခုပါရှင်..........ဒီခံစားမှုလေးကို လူတွေက

မဟုတ်တဲ့ နေရာမှာ အသုံးချနေတာကိုတော့ ခိုင်လေး မုန်းတယ်...... အိမ်ထောင်ရှင်တိုင်းရဲ့ အိမ်ထောင်ရေးတိုင်းမှာ

အတွင်းကျိတ် ပြသနာလေးတွေ ရှိနေတတ်ကြပါတယ်။ ဒီလို ပြသနာတွေ ဖြစ်ကျတဲ့ နေရာမှာ ယောကျာင်္းလေး ကော

မိန်းကလေးတွေပါ အေးဆေးစွာ ဖြေရှင်းတဲ့ နည်းလမ်းက အကောင်းဆုံး နဲ့ အဖြစ်သင့်ဆုံးပါဘဲ။ ဒါပေမယ့် ပြသနာတက်

ချိန်မှာ ဘယ်သူက အေးအေးဆေးဆေး ဖြေရှင်း နိုင်မှာလဲ လို့ တွေးမိကြပါလိမ့်မယ်။ မှန်ပါတယ် ဒါပေမယ့် အတတ်နိုင်ဆုံးတော့

သွေးအေးအေးထားစေချင်တယ် ။ ခိုင်လေး ပြောချင်တာတွေ တအားများနေတယ်ရှင်......... တစ်ချက်စီ ပြောမယ်နော်....

 ရိုးသွားတတ်တယ်

အိမ်ထောင်သက်ကြာလာတာနဲ့ အမျှ ရိုးသွားတယ်လို့ မဟုတ်ပေမယ့် အပြောင်းလဲဆိုတာတော့ ရှိလာတတ်ပါတယ်။

လူတစ်ယောက်က နေ့တိုင်း ကြက်သားဟင်းကို စားနေရပေမယ့် တစ်ခါတစ်ရံမှာ  ငပိရည်တို့စရာလေးကိုတော့ စားချင်တဲ့စိတ်တွေ

ဝင်လာတတ်ကြတယ်......ဒါပေမယ့် အိမ်ရှင်မတွေအနေနဲ့ ကြက်သားဟင်းကို ကြော်တာလေးကတမျိုး၊ ချက်တာလေးကတဖုံ။

သုတ်ပေးတာလေးက တသွယ် စားချင်အောင်တော့ ပြောင်းလဲမှုလေးတွေ ရှိသင့်သလို ၊ တခါတရံ စားချင်လာတတ်တဲ့

ငပိရည်ဆိုတာ စားမိရင် မျက်နှာမှာ အဖုတွေ ထွက်လာတတ်သလို ၊ ဘ၀မှာလဲ အမည်းစက် အဖုတွေ ထွက်လာတယ်ဆိုတာကို

နားဝင်အောင် နူးညံ့နည်းလမ်းလေးတွေနဲ့ ပြောပြဖြေရှင်းသင့်တယ်။

သစ္စာမဲ့ခြင်းဆိုတာကို တရားဝင်ချိုးဖောက်မိကြခြင်း


အိမ်ထောင်တစ်ခုကို ထူထောင်တဲ့ နေရာမှာ မိဘပေးစားလို့ဘဲ ဖြစ်ဖြစ် .... ကိုယ်တိုင်ချစ်ခင်စုံမက်လို့ဘဲ ဖြစ်ဖြစ်.......

ဘယ်လို အကျိုးကြောင်းတရားတွေ ရှိနေပါစေ...... ကိုယ်ကိုတိုင် လက်မှတ်ထိုး ပေးမှ တရားဝင် အကြင်လင်မယားဖြစ်ကြရတာပါ။

ကိုယ်တိုင် စိတ်နဲ့ ဘဲ လက်ထပ်ဖြစ်ကြရတာပါဘဲ......ညှိုနှိုင်းလို့ ဘယ်လိုမှ ကို မရတော့ဘူး ၊ မဖြစ်နိုင်ဘူးဆိုရင်လဲ ကွာရှင်းလိုက်

တာက သိက္ခာရှိပါသေးတယ်.....မပြေလည်တဲ့ အိမ်ထောင်ရေးကို အကြောင်းတွေပြ ဒီဘက်လဲ မရှင်း.........ဟိုဘက်မှာလဲ

ဇာတ်လမ်းတွေ ရှာနေကြတဲ့ သူတွေကို တော်တော် များများတွေ့နေရပါတယ်။ လက်ရှိ အိမ်ထောင်ရေးမပြေလည်မှုမှာ ကိုယ်ဘက်က

မှန်ချင်မှန်နေမယ်..........အဲဒီမှာဘဲ အိမ်ထောင်ရေးမပြေလည်လို့ပါဆိုပြီး အသစ်တွေ့တယ်... အသစ်ရှာတယ်.....တရားဝင် ကွာရှင်း

ပြတ်ဆဲခြင်းမရှိဘဲ ဒီလိုကျူးလွန်မိလိုက်တယ်.....မှန်ခဲ့တယ်ဆိုတဲ့ ကိုယ်အမှန်တရားကလဲ ကိုယ်ဂုဏ်သိက္ခာတွေ ကို မကယ်နိုင်

တော့ပါဘူး.......သွားပြီ ဂုဏ်သိက္ခာတွေ ၊ ကိုယ်ကျင့်တရားတွေ ပျက်စီးခဲ့ရင် ဘယ်ပညာ ၊ ဘယ်ချမ်းသာမှု ကမှ မကယ်နိုင်ပါဘူး။

အဲဒီလို အခါမျိုးတွေမှာ မှန်ရှေ့မှာ ရှင် ရပ်လိုက်ပါ...........မှန်ထဲမှာ ပေါ်နေတဲ့ ကိုယ်ပုံရိပ်က ရှင်ကို လက်ညှိုးငေါက်ငေါက်ထိုးပြီး

အပြစ်တင်နေသလို ရှင် ခံစားရပါလိမ့်မယ်။ ဒီအချိန်မှာ အချိန်မှီနေပါသေးတယ် ရှင် အမြန်ဆုံး သိက္ခာရှိတဲ့ လုပ်ရပ်ကို အမြန်ဆုံး

ပြုပြင် ပြောင်းလဲလိုက်ပါ ။ ရှင်ကို ကံတရားက တစ်ကြိမ်တော့ ပြင်ဆင်ခွင့် ပေးပါလိမ့်မယ်။ ဖောက်ပြန်တယ်လို့ နာမည်တပ်ခံရတာကို

က လူတစ်ယောက်လုံးကို ရစရာမရှိအောင် သိမ်ငယ်သွားစေပါတယ်ရှင်။ ဖောက်ပြန်ခြင်းတွေ ကင်းတဲ့ လောကကြီး အဖြစ် အားလုံးကို

ရှိနေစေချင်လိုက်တာ...............................

အွန်လိုင်းပေါ်က ဖောက်ပြန်ခြင်းတွေ

အွန်လိုင်းသုံခြင်းက ကောင်းလား ဆိုးလားဆိုတဲ့ စာတွေ စကားနိုင်လုတာတွေ တော်တော် များများဖတ်ဖူးပါတယ်။

ခိုင်လေး ခံယူချက်ကတော့ အသုံးပြုသူဘဲ မူတည်နေပါတယ်ရှင်..........အကျိုးရှိတာတွေ သုံးတတ်ရင် အကျိုးရှိမယ်။

အကျိုးမဲ့အောင် သုံးရင် အကျိုးမဲ့စေမှာဘဲလေ........အင်တာနက်နဲ့ မဆိုင်ဘူး ..........အသုံးပြုသူနဲ့ဘဲဆိုင်တယ်။

နိုင်ငံရပ်ခြားမှာ အလုပ်လုပ်နေကြတဲ့ သူတွေ တော်တော် များ ကွန်ပြူတာလေး တစ်လုံးမှ မရှိရင် လူဖြစ်ရှုံးသလိုကို

လူတိုင်း သုံးနေကြပါတယ်...........ကောင်းပါတယ်....နည်းပညာတွေ တိုးတတ်စေတယ်....သတင်းအချက်လက်တွေ

ချက်ချင်းသိရတယ်.....အကောင့်လေးကနေ သူငယ်ချင်းတွေနဲ့ စကားပြောနေရရင် တိုင်းတစ်ပါးမှာ တစ်ယောက်ထဲ

အထီကျန်မှုတွေကို ပြေပျောက်စေတယ်ရှင့်..................ဒီထိတော့ ကောင်းနေသေးတယ်လေ....ဒီထက် မထိန်းချုပ်

နိုင်တဲ့ အခါမှာတော့ ဖောက်ပြန်ခြင်းတွေ ဖြစ်လာတယ်ပေါ့..........အိမ်ထောင်သည်တွေ ဖောက်ပြန်လာကြတယ်....

စကားလုံးတွေထဲမှာ သာယာလာတယ်......စကားလုံးတွေကို မျှော်တတ်လာတယ်....ဒီမှာ အစပြု လာတော့တာပါဘဲ။

နောက် ပေါ့ပျက်ပျက် အတွေးတွေ ၀င်လာကြကော.....ငါတို့ အဝေးရောက်နေတာ ဒီထဲက ပြောရုံနဲ့ ဖောက်ပြန်တယ်

မမည်ပါဘူးလေ......အိမ်က မိန်းမတွေ .... အိမ်က ယောကျာင်္းတွေ မသိနိုင်ပါဘူးဆိုတဲ့ ဖောက်ပြန်ဖို့ လုံ့ဆော်တဲ့ အတွေး

တွေ ၀င်လာတတ်ကြတယ်လေ..............ဒီကနေ တဆင့်တက် နေရာဒေသတူနေရင် အပြင်မှာ တွေ့ကြတယ်........

မိန်းကလေးတွေကို အဓိက ပြောချင်တယ်.....ဘယ်သူနစ်နာသွားပါသလဲ.........သေချာတွေးမှာ အချိန်တန် ငွေပို့တာ

မိမိတို့ ဇနီးမယားတွေဆီကိုပါဘဲ..........တကယ်တမ်းကျ တည်ဆောက်ထားတဲ့ အိမ်ထောင်တစ်ခုကို ဖြိုခွဲဖို့ကို

ယောကျာင်္းဘဲဖြစ်ဖြစ်၊ မိန်းမဘဲ ဖြစ်ဖြစ် တော်တော် တွေးကြပါတယ်။ ရင်သွေးရတာနာလေးတွေ ရှိနေကြတဲ့

မိသားစုတွေ ဆို ပိုလို့တောင် တွေးကြပါတယ်ရှင်.....ပိုင်ဆိုင်ခွင့် မရှိတဲ့ လမ်းတစ်ခုကို မလျှောက်ကြပါနဲ့လို့

မေတ္တာရပ်ခံချင်တယ်..........အိမ်မက်ဆိုးတွေကနေ နိုးထပေးကြပါတော့ရှင်... ဘယ်သူ ဘယ်သူအတွက်မှ

အကျိုးမရှိတဲ့ မဆုံနိုင်တဲ့ လမ်းတစ်ခုကို မလျှောက်ကြပါနဲ့။ ဖောက်ပြန်ခြင်းတွေကို ရပ်တန့်ပေးကြပါလို့ ဒီနေရာ

လေးကနေ အားလုံးကို တောင်းပန်မေတ္တာ၇ပ်ခံပါရစေရှင်။ မိမိတို့ ရဲ့ အိမ်ပြန်လမ်းခရီးလေးက မိမိဇနီးမယား မိသားစု



အတွက်ဘဲ ဖြစ်ကြပါစေ..................